
Weather and Natural Disaster Information Collections
ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ စုဆောင်းလေ့လာခြင်း
TIMEZONES | MMWEATHER NEWS | MMWEATHER on FACEBOOK
၂ဝဝ၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းမှ အင်အားအလွန်ပြင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး"နာဂစ်"အဆင့်သို့ ရောက်ရှိကာ ကျွန်ုပ်တို့အား မမေ့နိုင်သော သင်္ခဏ်းစာတစ်ရပ်ကို ပေးသွားခဲ့လေသည်။
|
|
|
MMWEATHER မှ အဘယ်ကြောင့် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများအား စုဆောင်း/လေ့လာသည့် website ကို တည်ဆောက်ရပါသနည်း ? မြန်မာ့ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်သတင်းများစုဆောင်းဖေါ်ပြခြင်းကို http://mmweather.ning.com အမည်ဖြင့် NING Community Network တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့တို့အား အဆင့် (၄) အထိပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်း Nargis တိုက်ခတ်အပြီး ၂ဝဝ၈ ခုနှစ် မေလ (၁၈) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပါသည်။ ထို့ကြောင့် ၂ဝ၁ဝ ခုနှစ်၊ မေလ(၁၈)ရက် တွင် mmweather ၏ သက်တမ်း(၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ Nargis is the deadliest named cyclone in the North Indian Ocean Basin, as well as the second deadliest named cyclone of all time, behind Typhoon Nina of 1975. Including unnamed storms like the 1970 Bhola cyclone, Nargis is the 8th deadliest cyclone of all time, but an uncertainty between the deaths caused by Nargis and those caused by other cyclones (like the 1991 Bangladesh cyclone), could put Nargis as 7th deadliest or higher, because the exact death toll is unknown. Nargis was the first tropical cyclone to strike the country since Cyclone Mala made landfall in 2006, which was slightly stronger, but had a significantly lower impact. According to various reports, Indian authorities had warned Burma about the danger that Cyclone Nargis posed 48 hours before it hit the country's coast. (Extracted from Wikipedia Cyclone Nargis) ယခုအခါ NING Community Network တွင်ဆက်လက်တင်ပြရန်အခက်အခဲရှိသဖြင့် http://mmweather.com နှင့် ဆက်စပ်သတင်း website ဖြစ်သော http://mmweather.com/news တွင်ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ၊ အချက်အလက်များကိုစုဆောင်းရယူကာ မြန်မာ ဘာသာသို့ အတတ်နိုင်ဆုံးပြန်ဆိုတင်ပြပေးလျှက်ရှိပါသည်။ Nargis ဖြစ်ပြီးနောက်ပိုင်းတွင်လည်း ဘင်္ဂလားပင်လယ်အော် နှင့် တောင်တရုတ်ပင်လယ်များတွင်ဖြစ်ပေါ်သော အပူပိုင်း မုန်တိုင်းများကြောင့် မြန်မာနိုင်ငံ၌သာမကအိမ်နီးချင်း ပြည်ပနိုင်ငံအချို့တွင်လည်း မိုးသည်းစွာရွာသွန်းခြင်း၊ လေပြင်းများတိုက်ခြင်း၊ ရေလွှမ်းမိုးခြင်း နှင့်မြေပြိုခြင်း များကြောင့် အသက်၊ စည်းစိမ်၊ အိုးအိမ်မြောက်များစွာ ပျက်စီးဆုံးရှုံးရခြင်းနှင့် စားနပ်ရိက္ခာအရင်းအမြစ်များပါ ဆိုးရွားစွာထိခိုက်ပျက်စီးစေခြင်း စသည့် ဆိုးကျိုးများကို ကြုံတွေ့ခံစားနေကြရလျှက်ရှိပါသည်။ ထိုမျှမကပဲ မြန်မာနိုင်ငံအတွင်းမကြုံစဘူးကြုံတွေ့ခဲ့ရသော Nargis ဆိုင်ကလုန်းမုန်တိုင်းကြီး၏ အင်အားပြင်းထန်ပြီး အဖျက်စွမ်းအားကြီးမားမှုကို အထိတ်တလန့်ဖြစ်ကြရသည့် ပြည်သူလူထုအကြားတွင် အထိတ်တလန့်ဖြစ်စေမည့် ကောလဟာလသတင်းများ ပြန့်နှံ့ခြင်းလည်းယခုအချိန်အထိ ရှိနေဆဲ/ပြောနေကြဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုသတင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်သတင်းများကို အင်တာနက်(သို့)online အသုံးပြုသူ ပြည်တွင်း/ပြည်ပမှ မြန်မာများသို့ရည်ရွယ်လျှက် Weather and Disaster Information Collection Network ကို MMWEATHER မှ စတင် တည်ဆောက်ပြီး ကမ္ဘာတစ်လွှားရှိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အင်တာနက်ပေါ်တွင် လွှင့်တင်ပေးနေသော WMO, USGS, JTWC, TSR, WEATHER UNDER GROUND (WUND), NOAA, GDACS, T2K နှင့် အခြား သေချာတိကျသော သတင်းအခြအမြစ်များမှ သတင်းများကိုရယူပြီး MMWEATHER ADMIN TEAM အဖွဲ့ဝင်များ အချိန်ရလျှင်ရသလို တတ်နိုင်သမျှ ဘာသာပြန်ဆို၍ MMWEATHER GROUP နှင့် Facebook မှတစ်ဆင့် online ပေါ်မှ မြန်မာများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါသည်။ MMWEATHER ADMINISTRATION TEAM မှ ကိုယ်တိုင်ကိုယ်ကျ online မှတစ်ဆင့် ပါဝင်ကူညီလိုသူ မည်သူကိုမဆို နွေးထွေးစွာ ကြိုဆိုလျှက် ရှိပါသဖြင့် uwinnaing@mmweather.com နှင့် u.winnaing.2008@gmail.com သို့ဆက်သွယ်ကူညီနိုင်ကြပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ Text updated on 9-JUNE-2010 by mmweather administration team MMWEATHER ADMINISTRATION TEAM |
||
|
|
||
|
ရန်ကုန်မြို့ ရာသီဥတုအခြေအနေ၊ နေ ဝင်/ထွက် အချိန် နှင့် လ ဝင်/ထွက် အချိန် |
||
MMWEATHER NEWS UPDATE |
|
|